Za Lat Ni - ဇလပ်နီစာပေ

All

Sort by

All

ရေအေးဝတ္ထုတိုများ

မဂ္ဂဇင်းဝတ္ထုတိုများ
MMK 5,000.00
COD: 944268267009

ကြိုးမဲ့နှောင်အိမ်

မဂ္ဂဇင်းဝတ္ထုတိုများ
MMK 6,000.00
COD: 9447268267065
📖 စာမျက်နှာ _ 163 ပထမအကြိမ်မှာ စီစဥ်သူက... မဂ္ဂဇင်းများတွင် တစ်ကွဲစီ ပါခဲ့ကြစဥ်က အမှတ်မထင် ရှိခဲ့သော်လည်း တစ်စုတည်း၊ တစ်ဆက်တည်း ဖတ်ကြည့်လိုက်သောအခါ မိန်းမသားတစ်ဦး၏ မေတ္တာကို ချစ်သူဘဝ၊ အိမ်ထောင်ဦးဘဝ၊ သားသည် မိခင်ဘဝတို့၌ မြင်တွေ့ရသည်မှာ လုံးချင်းဝတ္ထုတစ်ပုဒ် ဖတ်ရသကဲ့သို့ ခံစားရပြန်လာသည်။ ထို့ကြောင့်ပင် အရွယ်ညီ ပုလဲလေးများကို တွဲသီထားသော ပုလဲသွယ်အဖြစ် မှတ်ထင်လာမိပါသည်။ ဝတ္ထုတို စုစည်းမှု ဖြစ်သော်ငြားလည်း မိန်းမသားတစ်ဦး၏ တစ်ဝက်တစ်ပျက် ဘဝစာမျက်နှာများ၌ အခြေတည်ကာ ပေါက်ဖွားလာရသော ဝတ္ထုတိုများ ဖြစ်သည်ဟု ယူဆနိုင်ပါသဖြင့် ယခုစာအုပ်မှာ မိန်းမသားတစ်ဦး၏ ဘဝပုံရိပ် လုံးချင်းဝတ္ထုတစ်ပုဒ် ဟူ၍ ဆိုနိုင်မည်.... လို့ အမှာစကား ပါးခဲ့ပါတယ်။ ဒီစာအုပ်ဟာ ဆရာမရဲ့ ပထမဆုံး ဝတ္ထုတို စုစည်းမှုလည်း ဖြစ်ပါတယ်။ ပထမအကြိမ် ထုတ်ဝေရာမှာ ဝတ္ထုတို ၁၂ ပုဒ်သာ ပါဝင်ခဲ့ပြီး ဇလပ်နီစာပေက ပြန်လည် ထုတ်ဝေသည့် ဒုတိယအကြိမ်မှာတော့ ဝတ္ထုတို ၃ ပုဒ် ထပ်မံဖြည့်သွင်းထားပြီး ဒီဇိုင်းဆရာ မာဏရဲ့ အတွင်းသရုပ်ဖော်ပုံ 4 colour တွေနဲ့ ဝေဝေဆာဆာ လှလှပပ သပ်သပ်ရပ်ရပ်နဲ့ ထုတ်ဝေထားခြင်း ဖြစ်ပါတယ်။ မျက်နှာဖုံး ပန်းချီကိုတော့ ဆရာလူမော်ဟန်က ရေးဆွဲပေးထားတာ ဖြစ်ပါတယ်။

Rosella

မဂ္ဂဇင်းဝတ္ထုတိုများ
MMK 3,500.00
COD: 7472157177066
စာမျက်နှာ- 122၊ ရိုဆယ်လာ လို မိန်းကလေး မျိုး ကို သင်သည် မချစ်အပ် ။ ချစ်ခဲ့သည် ရှိသော် လွန်ကြူးစွာ မစွဲလမ်း အပ် ။ စွဲလမ်းသွားသည် ဆိုသော် သင်သည် ရိုဆယ်လာ မဘုရား၏ ကျေးကျွန်ဘဝ ရောက်ရမည် သာတည်း ။ ရိုဆယ်လာ သည်ကား မီ လည်း မဟုတ် ၊ မေ လည်း မဟုတ် ၊ ဂျစ်ပစီမ ကာမင်း လည်း မဟုတ် ရိုဆယ်လာသည် ရိုဆယ်လာ သာ ဖြစ်ချေသည် တကား။

ရွက်လွှင့်ရေဆန် ၇၅

မဂ္ဂဇင်းဝတ္ထုရှည်မျာ
MMK 7,500.00
COD: 9720171751907

မိုးလင်းတော့မှာလား _ ဝင်းဝင်းမြင့် (နန်းတော်ရှေ့)

လုံးချင်းဝတ္ထုရှည်
MMK 8,000.00
COD: 7447268267067
📖 စာမျက်နှာ 251 ဒီဝတ္ထုက ဇလပ်နီဝတ္ထုတိုများမှာ အခန်းဆက်အနေနဲ့ တလ ပါပြီးလို့ စာဖတ်သူတွေ အလွန်နှစ်သက်ခဲ့ကြ၊ အဲဒီအခန်းဆက်ကို ဖတ်ချင်လွန်းလို့ ဇလပ်နီဝတ္ထုတိုများ အသစ်မထွက်သေးဘူးလား ဆိုပြီး ခဏခဏ မေးမြန်း စောင့်မျှော်နေကြတဲ့ ဝတ္ထုပါ။ အခုတော့ လုံးချင်းအနေနဲ့ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ မိုးလင်းတော့မှာလား လုံးချင်းဝတ္ထုမှာ အခန်းငါးခန်း ပါဝင်ပြီး အဓိကသက်ရှိဇာတ်ဆောင် အမျိုးသမီး လေးယောက်ရယ်၊ သက်မဲ့ဇာတ်ကောင် ဂေဟာတခုရယ် ပါဝင်ပြီး အခန်းတိုင်းအတွက် ကာလာစုံသရုပ်ဖော်ပုံ(ခွဖောင်)နဲ့ ရိုက်နှိပ်ထားပါတယ်။ 📖 ဒါကြောင့် မြန်မာဝတ္ထုရှည်လောကမှာ ကျွန်တော်တို့ သိမှတ်ရသလောက် မိုးလင်းတော့မှာလား လုံးချင်းဝတ္ထုဟာ ဇာတ်ကောင် သရုပ်ဖော်ပုံ ပါဝင်တဲ့ ဝတ္ထုအဖြစ် တတိယမြောက် ထွက်ပေါ်လာတဲ့ ဝတ္ထုဖြစ်ပါတယ်။ (ပထမ တအုပ်က ဆရာကြီး သခင်မြသန်းရဲ့ မမိုးစွေ(ပထမအကြိမ်) ဖြစ်ပြီး ဒုတိယတအုပ်က ဆရာ နီမင်းဆွေရဲ့ ယောက်ျားပီပီ လာရှင်းပါ ဆိုတဲ့ ဝတ္ထုတွေပါပဲ။ * အခြား ကျွန်တော်တို့ မသိတဲ့ ဝတ္ထုတွေ ရှိကောင်း ရှိနိုင်ပါတယ်)

The Stalker

လုံးချင်းဝတ္ထုရှည်
MMK 5,000.00
COD: 2542979032623
-စာမျက်နှာ 223 The Stalker ဆိုတာနဲ့ ဆရာမမယ်လွင့်ရဲ့ စာဖတ်ပရိသတ်တွေအတွက် အထူးတလည် မိတ်ဆက်ပေးစရာ မလိုတော့ဘူး ထင်ပါတယ်။ ဆရာမရဲ့ Page မှာ အခန်းဆက်အနေနဲ့ တင်စဥ်ကတည်းက စာဖတ်သူတွေ စောင့်မျှော်ဖတ်ရှုခဲ့ရတဲ့ ဝတ္ထု။ ရှုပ်ထွေးမှုတွေနဲ့ စာဖတ်သူရဲ့ သိချင်စိတ်ကို ဆွဲယူသွားမယ့် The Stalker။ ဆရာမ မယ်လွင့်ရဲ့ တမူထူးခြားတဲ့ ဇာတ်လမ်း၊ ဇာတ်ကွက်၊ အရေးအသားတွေနဲ့ ရင်တထိတ်ထိတ် ဖတ်ရှုရမယ့် လုံးချင်းဝတ္ထု အသစ်လေး ထွက်ရှိလာပါပြီ။

လွန်းလေနောင်း _ ဇေဦးယျာ

လုံးချင်းဝတ္ထုရှည်
MMK 6,000.00
📖 စာမျက်နှာ 189 နာဂဒေသနောက်ခံဝတ္ထု။ ဆရာ ဇေဉီးယျာရဲ့ နာဂဒေသနောက်ခံ ဝတ္ထုဆိုရင် တောင်ခါးပန်းဆီက ပဲ့တင်သံရယ်တဲ့ ခပ်ချိုချို ဆိုတဲ့ ဝတ္ထုတိုလေးကို ပြေးအမှတ်ရမိကြပါလိမ့်မယ်။ ဆရာက နာဂဒေသမှာ နှစ်ရှည်လများ နေဖူးသူမို့ သွေးရင်းနာဂတို့ရဲ့ ရိုးရာဓလေ့တွေ၊ လူနေမှုဘဝတွေကို လေးလေးနက်နက် ကျွမ်းရင်းခဲ့သူ၊ နာဂဒေသရဲ့ ခက်ခဲခေါင်းပါးမှုတွေကို နှလုံးသားစစ်စစ်နဲ့ နားလည်ခဲ့သူမို့ ဝတ္ထုကို သရုပ်ပီပြင်စေခဲ့ပါတယ်။ 📖 မြန်မာစာပေသမိုင်းမှာ စာရေးသူတွေရဲ့ စိတ်ဆန္ဒအလျောက် ရသမြောက်အောင် လွတ်လွတ်လပ်လပ် ဖန်တီးရေးဖွဲ့ထားတဲ့ တိုင်းရင်းသားဒေသနောက်ခံ မြန်မာဝတ္ထုတွေဟာ လက်ချိုးရေလို့ရအောင် ရှားပါးပါတယ်။ အခုတော့ ဆရာဇေဉီးယျာရဲ့ လွန်းလေနောင်း ဆိုတဲ့ နာဂတိုင်းရင်းသားဒေသနောက်ခံ လုံးချင်းဝတ္ထု ထပ်တိုးလာတဲ့အတွက် အလွန်အားတက် ဂုဏ်ယူရပါတယ်။ ဒါကလည်း ထူးခြားမှု တခုလို့ ဆိုရပါလိမ့်မယ်။

လွမ်းစရာ့ကမ္ဘာ - စံပယ်ဖြူနု

အက်ဆေး
MMK 5,000.00
COD: 9447268090069

စကားမပြောနဲ့တဲ့

MMK 5,000.00
COD: 9447268267072
Create a website like this in 5 minutes with
Kyte